ECHOcommunity တွင် စိုက်ပျိုးရေးနှင့် ရပ်ရွာဖွံ့ဖြိုးရေးဆိုင်ရာ ဘာသာရပ်အမျိုးမျိုးအတွက် အတွေးအခေါ်များ၊ သုတေသနများနှင့် သင်တန်းများကို လေ့လာနိုင်သည်။ ECHO ၏ အရင်းအမြစ်များသည် အပူပိုင်းနှင့် သမပိုင်းဒေသရှိ အသေးစားစိုက်ပျိုးရေးလုပ်ငန်းအပေါ် အဓိကထားပြီး ၎င်းအရင်းအမြစ်အမြစ်များကို ECHO ဝန်ထမ်းများ၊ ကွန်ရက်အတွင်းရှိ အဖွဲ့ဝင်များနှင့် ကမ္ဘာတစ်ဝှမ်းရှိ ဖွံ့ဖြိုးရေးမိတ်ဖက်များထံမှ ရရှိပါသည်။ အက်(ပ်)အတွင်း လမ်းညွှန်များကို အင်္ဂလိပ်၊ စပိန်၊ ပြင်သစ်၊ ဆွာဟီလီ၊ ထိုင်း၊ ဟေတီ ခရီအိုး၊ ခမာ၊ မြန်မာ၊ ဗီယက်နမ်၊ အင်ဒိုနီးရှားနှင့် တရုတ်ဘာသာစကားများဖြင့် ရရှိနိုင်ပါသည်။
သက်ဆိုင်ရာ အရင်းအမြစ်များကို ထိရောက်စွာရှာဖွေရန်နှင့် မိုဘိုင်းစက်တွင် ဒေါင်းလုဒ်လုပ်နိုင်ရန် အက်(ပ်)ကို ဒီဇိုင်းလုပ်ထားသည်။ သင့်ဖုန်းစာကြည့်တိုက်တွင်ထည့်ထားသော အရင်းအမြစ်အမြစ်များကို အင်တာနက်မရှိချိန်တွင်လည်း ဖတ်ရှုနိုင်ပြီး အခြားသူများနှင့် မျှဝေနိုင်သည်။
အက်(ပ်)၏ အပင်မှတ်တမ်းများအင်္ဂါရပ်တွင် သီးနှံများ၏ ဘဝအဖြစ်အပျက်များကို စတင်ချိန်မှ ရိတ်သိမ်းချိန်အထိ မှတ်တမ်းတင်သည်။ အပင်မှတ်တမ်းများအင်္ဂါရပ်ကို စမ်းသပ် သို့မဟုတ် ထုတ်လုပ် စိုက်ပျိုးခြင်း၊ တစ်ရာသီသီးနှံ သို့မဟုတ် နှစ်ရှည်ပင်များစိုက်ပျိုးခြင်း စသည့် စိုက်ပျိုးနည်းအမျိုးမျိုးအတွက် သုံးနိုင်သည်။ ECHO မျိုးစေ့ဘဏ်များမှ မျိုးစေ့ယူထားသော အသုံးပြုများသည် ဤအက်(ပ်)သုံးပြီး မျိုးစမ်းမှုများ၏ အခြေအနေအဆင့်ဆင့်ကို မှတ်တမ်းယူသတင်းပို့နိုင်သည်။
ဘာကို ဘယ်အချိန်စိုက်သလဲ၊ မိုးလေဝသဖြစ်စဉ်များ၊ မြေဆွေးထည့်ခြင်း၊ ထွန်ယက်ခြင်း၊ ကိုင်းဖြတ်ခြင်းနှင့် ရိတ်သိမ်းခြင်းကဲ့သို့ ကြားကာလဆောင်ရွက်မှုများစသည့် သက်ဆိုင်ရောဒေတာများကို အက်(ပ်)တွင် မှတ်တမ်းတင်နိုင်သည်။ မှတ်တမ်းတစ်ခုစီတွင် နောက်နောက်အကိုးအကားအတွက် ပုံနှင့် မှတ်စုများသိမ်းနိုင်သည်။ ဒေတာများကို ကလောက်တွင်သိမ်းသောကြောင့် သင်စမ်းသပ်ခဲ့သည့် မျိုးစေ့များနှင့် စမ်းသပ်မှုက သင့်အတွက် အကျိုးရှိပုံတို့ကို ပြန်ကြည့်နိုင်သည်။
အင်္ဂါရပ်များ
- ထောင်ပေါင်းများစွာသော စာအုပ်နှင့် ဗီဒီယိုအရင်းအမြစ်များ ရနိုင်ခြင်း
- ဒေါင်းလုဒ်လုပ်ထားသော အရာများကို အော့ဖလိုင်းသိမ်းနိုင်ခြင်းနှင့် မျှဝေနိုင်ခြင်း
- ကမ္ဘာလုံးဆိုင်ရာ ECHO ကွန်မြူနတီ တွင် မေးခွန်းများ မေးမြန်းနိုင်ခြင်း
Through ECHOcommunity you can discover ideas, research, and training
အပ်ဒိတ်လုပ်ခဲ့သည့်ရက်
၂၀၂၆ ဇန် ၂၁