Smart Taung Thu ဖုန်းဆော့ဝဲလ်သည် တောင်သူများအတွက် စိုက်ပျိုးမွေးမြူရေးနည်းပညာနှင့် အကြံဉာဏ်များ၊ UNDP၏စီမံကိန်းများတွင် အသုံးပြုခဲ့သော နည်းပညာပေးတောင်သူလက်စွဲစာအုပ်များ မှ ကောက်နှုတ်ချက်များ၊ ဈေးကွက်သတင်းအချက်အလက်များ၊ ရာသီဥတုသတင်းအချက်အလက်နှင့် သတိပေးချက်များကို မျှဝေပေးသည့် ဆော့ဝဲလ်တစ်ခုဖြစ်ပါသည်။ တောင်သူများအနေဖြင့် ရင်ဆိုင် ကြုံတွေ့နေရသော စိုက်ပျိုးရေးဆိုင်ရာပြဿနာများကို စိုက်ပျိုးရေးပညာရှင်များနှင့် တိုက်ရိုက် ချိတ်ဆက်၍ မေးခွန်းများမေးမြန်းနိုင်မည်ဖြစ်ပါသည်။ တောင်သူများဗဟုသုတတိုးပွားစေရန် ဉာဏ်စမ်း ပဟေဠိအစီအစဉ်များလည်း ပါဝင်ပါသည်။ Smart Taung Thu ဆော့ဝဲလ်အသုံးပြုသူသည် ရောင်းချရန် ကုန်ပစ္စည်းများကို စာရင်းပြုစုပြီး သီးသန့်စာတိုပေးပို့မှုမှတဆင့် အလားအလာရှိသော ဝယ်သူများနှင့် လည်း ချိတ်ဆက်နိုင်ပါသည်။
တောင်သူများနှင့် ကုန်သည်များအတွက် စိုက်ပျိုးရေးအကြံပေး မိုဘိုင်းအက်ပလီကေးရှင်း