PUBG Mobile စတင်ကစားရန်အတွက် ထိပ်တန်းအကြံပြုချက်

PUBG Mobile ကို ပထမဆုံးအကြိမ် ကစားခြင်းဖြစ်ပါက အထောက်အကူဖြစ်စေသော ဤအကြံပြုချက်များသည် သင့်အား မှန်ကန်စွာ စတင်နိုင်စေမည်။ ၎င်းတို့ကို မှတ်ထားပါက Erangel သို့မဟုတ် Livik ကဲ့သို့ မြေပုံများသို့ ပထမဆုံးအကြိမ် သွားသည့်အခါ သင်၏ ပထမဆုံး တိုက်ရိုက်တိုက်ပွဲအချို့ကို အေးအေးဆေးဆေး အနိုင်ရရှိနိုင်သည်။

အချိန်ယူ၍လုပ်ပါ

အခြား သူသေကိုယ်သေ တိုက်ပွဲဂိမ်းများသည် လျင်မြန်စွာ ဂိမ်းကစားခြင်းတွင် အားသန်သော်လည်း PUBG Mobile သည် နည်းစနစ်ပိုကျသည်။ တိုက်ပွဲဖြစ်နေစဉ် ဘေးကင်းဇုံ သေးငယ်သွားသော်လည်း ပတ်ဝန်းကျင်အခြေအနေ သိရှိရန်၊ အထောက်အပံ့ရှာရန်နှင့် စက်ဝိုင်းသို့မသွားမီ စုဆောင်းရန် အချိန်များစွာရှိသည်။ စက်ဝိုင်းတွင် သင်ရှိနေပြီးဖြစ်ပါက ရနိုင်သည်ပေါ် အခြေခံ၍ လိုချင်သော လက်နက်တပ်ဆင်မှုအမျိုးအစားကို ဆုံးဖြတ်ပြီး သင့်တော်သလိုစီစဉ်ပါ။

ချေမှုန်းပြီးနောက် ရရှိသည့်အထုပ်တိုင်းကို ကြည့်ပါ

လဲကျသွားသော ရန်သူတိုင်း သူတို့ကိုင်ထားသမျှ လွတ်ကျမည်ဖြစ်ပြီး အဆိုပါပိုင်ဆိုင်မှုများသည် ယူရလွယ်သော အထုပ်ငယ်အဖြစ် ပေါ်လာပါမည်။ စခရင်တွင် သင်္ကေတပေါ်လာသောအခါ အထုပ်ကို စဖွင့်ရပါမည်။ ထို့ကြောင့် အောင်မြင်သော ရှင်းလင်းမှုတိုင်းတွင် ၎င်းကိုလုပ်ဆောင်ကြောင်း သေချာပါစေ။ ကျည်ဆန်များ စုဆောင်းနိုင်ရုံသာမက တိုက်ပွဲဝင်ရန် အမိုက်စား လက်နက်အသစ်ကိုလည်း ရှာနိုင်ပါမည်။

လက်နက်များနှင့် ပတ်သက်လျှင် အမြင်ကျယ်ပါစေ

ဘာလက်နက် ရှာတွေ့မည်ကို ထိန်းချုပ်နိုင်မည်မဟုတ်သဖြင့် ပြီးပြည့်စုံသော လက်နက်ရှာရန် သင့်ကိုယ်သင် ကန့်သတ်မထားပါနှင့်။ တိုက်ပွဲတိုင်းတွင် LMG ရနိုင်သည့် အခွင့်အရေး မရှိပါ။ လက်နက်ပုံစံအမျိုးမျိုးကို လေ့လာပြီး ၎င်းတို့ထဲမှ အကြိုက်ဆုံး သေနတ်တစ်လက် (သို့) နှစ်လက်ကို ရှာပါ။ PUBG Mobile က ပံ့ပိုးသည့် အရာအားလုံးနှင့် ကျင့်သားရအောင်လုပ်ခြင်းဖြင့် ဝင်လာသူအားလုံးကို တိုက်ခိုက်ရန် အသင့်ဖြစ်နေပါမည်။

မကြာခဏ အားဖြည့်ပါ

အားနည်းနေစဉ် အတွေ့အကြုံရှိသည့်ရန်သူက ရုတ်တရက်တိုက်ခိုက်မည်ဖြစ်၍ အရဲမစွန့်ပါနှင့်။ သင့်အထောက်အပံ့များတွင် အားဖြည့်ပစ္စည်းများရှိပါက အသုံးပြုပါ။ ပတ်တီး၊ အားဖြည့်အချိုရည် စသည်တို့သည် သင့်အား အချိန်အတန်ကြာ အသက်ဆက်ရှင်စေပြီး တိုက်ပွဲပြီးဆုံးသည့်အခါ ဒိုင်းဆုရယူရန် နီးစပ်စေမည်။ ၎င်းတို့ကို သိမ်းထားခြင်းက ရလဒ်ပြောင်းပြန် ဖြစ်စေနိုင်သည်။
PUBG MOBILE
Level Infinite
ကြော်ငြာများ ပါရှိပါသည်အက်ပ်အတွင်း ဝယ်ယူမှုများ
၄.၃
သုံးသပ်ချက် ၄.၇၅ ကုဋေ
၅၀ ကုဋေ+
ဒေါင်းလုဒ်များ
အကြောင်းအရာကို အမှတ်ပေးခြင်း
ဆယ်ကျော်သက်