ဆလမ်းဒေါ့ မီလျှံနာ

၂၀၀၈ • ၁၂၀ မိနစ်
R
အဆင့်သတ်မှတ်ခြင်း
ဤအရာကို မရနိုင်ပါ

ဤရုပ်ရှင် အကြောင်း

အနုပ်စုတ်ကုပ်စုတ်သူကြွယ် သည် ၂၀၀၈ ခုထွက် ဗြိတိန်−အိန္ဒိယ ဖက်စပ်ရိုက် အချစ်ဇာတ်လမ်းဖြစ်ပြီး အိန္ဒိယ စာရေးဆရာ ဗီကတ် ဆွာရပ်ရေးသည့် အမေးအဖြေ ဝတ္ထုကို ခပ်ပါးပါး မှီးငြမ်းထားသည်။ မွမ်ဘိုင်းရှိ ဂျူဟူ ကျူးကျော်ရပ်နေ အသက် နှစ်အရွယ် ဂျမား မာလစ်၏ ဘဝကို အမေးအဖြေများမှ ပြောပြသွားခြင်း ဖြစ်ပြီး အိန္ဒိယ၌ ရိုက်ကူးသည်။ အိန္ဒိယ၌လုပ်သည့် သူကြွယ် ဘယ်သူဖြစ်ချင်သလဲ ရုပ်သံအစီအစဉ်တွင် ဂျမား မာလစ်က မေးခွန်းအားလုံး ဖြေနိုင်သည့်အခါ လူတိုင်း အံ့ဩကြသည်။ တစ်နည်းနည်းဖြင့် မသမာလုပ်သည်ဟု ယူဆကာ စစ်မေးသည့်အတွက် အဖြေတို့ကို သိနိုင်သည့် သူ၏ ဘဝအဖြစ်အပျက်များကို ဂျမားက ရဲများအား ပြောပြသည်။
အပေါက်နှေးသော်လည်း ဇာတ်ကားကောင်းတစ်ခုအဖြစ် အများက အသိအမှတ်ပြုကြသည်။ ဇာတ်ကွက်၊ နောက်ခံတေးနှင့် ပါတယ်၏ သရုပ်ဆောင်မှုကို ချီးမွမ်းကြသည်။ ၂၀၀၉ ခု အော်စကာဆု ပေးပွဲတွင် ဆန်ကာတင် ၁၀ ဆုဝင်ပြီး ၈ ဆု ရသည်။ ဘက်ဖတာဆု ၇ ဆုနှင့် ရွှေကမ္ဘာလုံးဆု ၄ ဆုလည်း ရသေးသည်။
အဆင့်သတ်မှတ်ခြင်း
R