ဂီတ ဝါဿနာရှင်တိုင်း အသုံးပြုလေ့ကျင့်လို့ရတဲ့ သီချင်း + ဂီတာကော့ပေါင်းများစွာကို အသုံးပြုသူတွေကိုယ်တိုင် စုပေါင်းထားပါတယ်။
ဒီလို app တွေ အများကြီးရှိတာပဲ ဘာလို့ Thanzin ကိုမှ အသုံးပြုရမလဲ? မေးစရာ ရှိပါတယ်... မှန်ပါတယ် ဒီလို app တွေ အများကြီးပါ၊ ဒါပေမယ့် Thanzin က ထောက်ပံ့ပေးတဲ့ လုပ်ဆောင်ချက်တွေကိုတော့ Thanzin တစ်ခုတည်းမှာပဲ တွေ့ဖူးပါတယ်။ ဘာတွေလဲဆိုတော့...
** ကိုယ်တိုင် သီချင်းထည့်သွင်းလို့ရခြင်း
- format အနေနဲ့ ChordPro international style သုံးထားလို့ နေရာတကာ အဆင်ပြေပါတယ်။
- ကိုယ်တိုင် စိတ်ကြိုက် ကော့ ဖန်တီးလို့ရသလို အများမြင်အောင် publish လုပ်လို့လည်း ရပါတယ်။
** သီချင်းတွေကို အကန့်အသတ်မရှိ အစုလိုက် ဖွဲ့နိုင်ခြင်း [playlist]
- ဒီတစ်ခုက သာမန် playlist/bookmark လိုမျိုး မဟုတ်ပါဘူး၊ ကိုယ်ကြိုက်တဲ့ သီးချင်းတွေကို ကြိုက်သလို category ခွဲ့လို့ရပါတယ်။
- ဥပမာ၊ "Beginner Level" ဆိုတဲ့အောက်မှာ ကြိုက်တဲ့ သီချင်း ထည့်လို့ရပါတယ်...
- playlist ကို အကန့်အသတ်မရှိ ဖန်တီးလို့ရပါတယ်။
** playlist ကို တခြား အသုံးပြုသူ တွေကို မျှဝေလို့ရခြင်း
- ဟုတ်ပါတယ်, ကိုယ်ဖန်တီးလိုက်တဲ့ playlists တွေကို ကြိုက်တဲ့သူ မြင်ရအောင် မျှဝေလို့ရပါတယ်။
- ဥပမာ.. ဘော်ဒါတွေ အစုလိုက် သီချင်းဆိုတာပဲဖြစ်ဖြစ် ဘယ်သီချင်းဆိုမလဲ ညိနေစရာမလိုအောင် playlist တစ်ခု ထည့်ပြီးတော့ အားလုံး ဝန်းကြည့်သုံးလိုက်ရင် ညိနေစရာ မလိုတော့ပါဘူး။
ဒါကတော့ Thanzin ရဲ့ ထူးခြားတဲ့ လုပ်ဆောင်ချက်တွေပါ။ ဒါတွေပြီးရင်တော့ ကျနော်တို့ ပုံမှန် မရှိမဖြစ် လိုအပ်တဲ့ features တွေလည်း ပါဝင်ပါတယ်...
** ကီး အနိမ့်/အမြင့် ချိန်ခြင်း
** အလိုအလျှောက် scroll ချိန်ခြင်း
** သီးချင်းကြည့်နေရင်း ကီးကို နှိပ်လိုက်ခြင်းဖြင့် လက်ကွက်မြင်ရခြင်း
** font အကြီး/အသေး ချိန်ခြင်း
** font အကွာအဝေး ချိန်ခြင်း
** view style သုံးမျိုးပါဝင်ပါတယ် [စာသား သီးသန့်၊ ကော့ + စာသား နဲ့ ကော့+စာသားကိုမှ တစ်ကြောင်းတည်း ကြည့်ခြင်း]
** လက်ကွက်တွေကို တစ်နေရာတည်းမှာ အားလုံးကြည့်လို့ရခြင်း
ဒါတွေအပြင် အသုံးပြုရလွယ်ကူအောင်
** အဆိုတော် တစ်ယောက်ချင်းစီ ဆိုထားတဲ့ သီးချင်းတွေအားလုံးကို တစ်နေရာတည်းမှာ ကြည့်လို့ရပါတယ်။
** တေးရေးဆရာရေးထားတဲ့ တစ်ယောက်ချင်း သီချင်းတွေအားလုံးကို တစ်နေရာတည်းမှာ ကြည့်လို့ရပါတယ်။
** အယ်လ်ဘမ် တစ်ခုချင်းစီ ကြည့်/ရှာ လို့ရပါတယ်။
** သီချင်း ထုတ်တဲ့နှစ်အလိုက် ကြည့်လို့ရပါတယ်။
ဒါတွေမကသေးပါဘူး... လေ့လာခါစတွေ အဆင်ပြေအောင်
** အပတ်စဥ် လူကြိုက်အများဆုံးကိုလည်း level [easy, medium, hard] ဆိုပြီးတော့ (၃) မျိုး ခွဲထားပါသေးတယ်..
** အပတ်စဥ် လူကြိုက်အများဆုံး အဆိုတော်ကိုလည်း ကြည့်လို့ရပါတယ်။
** အပတ်စဥ် လူကြိုက်အများဆုံး အယ်လ်ဘမ်ကိုလည်း ကြည့်လို့ရပါတယ်။
ဆိုတော့ ဒါတွေအားလုံးအားလုံးထဲ့မှာ ကိုယ်ကြိုက်နှစ်သက်တဲ့ လုပ်ဆောင်ချက်တွေ မရှိသေးရင်လည်း app ထဲ့မှာပါတဲ့ "Request Chord" ဆိုတဲ့ menu ကနေတစ်ဆင့် တောင်းဆိုမှု မှန်သမျှ လုပ်ဆောင်လို့ ရပါတယ်။
ကဲ့ဆိုတော့... Thanzin ကို အသုံးပြုပြီးတော့ ကိုယ့်ရဲ့ ဂီတာစကေးကို မြှင့်တင်ကြပါစို့....
**Content on this app is user-contributed for educational purposes only. All lyrics and chords remain the property of their respective owners. Thanzin acts solely as a platform for community sharing.**