“လူကုန်ကူးသူများ သတိထား” ဆိုတာကတော့ လွတ်လပ်မှုကို ရှာဖွေရင်း ပြည်ပကို ရောင်းစားခံလိုက်ရတဲ့ မိန်းကလေး နှစ်ယောက် အကြောင်း ရုပ်ပြဇာတ်လမ်း ဖြစ်ပါတယ်။ မိသားစုထဲမှာ နှိပ်စက်ခံရမှု၊ စီးပွါးရေး အခွင့်အလမ်း ကင်းမဲ့မှု တို့ ကြောင့် ဒုက္ခရောက်ရပုံကို ဒီ ရုပ်ပြဇာတ်လမ်းက ထင်ရှားအောင် ဖေါ်ပြထားပါတယ်။
မြန်မာကလေးသူငယ်တွေကို ဗုဒ္ဓဘာသာတရားတော်နဲ့အညီ ပညာပေး ကာတွန်းရုပ်စုံ တွေ ရေးဆွဲ ထုတ်ဝေသူ ကာတွန်းဆရာ ရဲမာန် ရဲ့ လက်ရာဖြစ်ပါတယ်။