အချိန်ကုန်သက်သာရန်နှင့် နေ့တိုင်းကို အကျိုးရှိစွာ အသုံးချနိုင်ရန် သင်၏ Android ဖုန်း၊ တက်ဘလက် (သို့) Wear OS စက်အတွက် Google Workspace ၏ တစ်စိတ်တစ်ပိုင်းဖြစ်သည့် တရားဝင် Google Calendar အက်ပ်ကို ရယူပါ။
• သင့်ပြက္ခဒိန်ကို ကြည့်နိုင်သည့် နည်းလမ်းအမျိုးမျိုး - လ၊ သီတင်းပတ်နှင့် ရက်အလိုက် မြင်ကွင်းများကို အမြန်ပြောင်းနိုင်သည်။
• Gmail မှ အစီအစဉ်များ - လေယာဉ်ခရီးစဉ်၊ ဟိုတယ်၊ တေးဂီတဖျော်ဖြေပွဲ၊ စားသောက်ဆိုင် ကြိုတင်နေရာယူခြင်းများ စသည်တို့ကို သင့်ပြက္ခဒိန်တွင် အလိုအလျောက်ထည့်သည်။
• လုပ်ဆောင်စရာများ - သင်၏ လုပ်ဆောင်စရာများကို Calendar ရှိ သင့်အစီအစဉ်များနှင့်တွဲပြီး ပြုလုပ်၊ စီမံ၊ ကြည့်ရှုနိုင်သည်။
• သင့်ပြက္ခဒိန်အားလုံးကို တစ်နေရာတည်းတွင် ရနိုင်ခြင်း - Google Calendar ကို Exchange အပါအဝင် သင့်ဖုန်းရှိ ပြက္ခဒိန်အားလုံးနှင့် တွဲသုံးနိုင်သည်။
• အစီအစဉ် (သို့) လုပ်ဆောင်စရာကို သွားရင်းလာရင်း လက်လွတ်မခံခြင်း - Wear OS စက်များတွင် Google Calendar သည် သင့်အား အချိန်မှန် အကြောင်းကြားသည့်အပြင် အကွက်ငယ်နှင့် နာရီဝန်ဆောင်မှုများကို ပံ့ပိုးပေးသည်။
Google Calendar သည် Google Workspace ၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။ Google Workspace သုံး၍ သင်နှင့် သင့်အဖွဲ့ လုပ်ဆောင်နိုင်သည်များ-
• လုပ်ဖော်ကိုင်ဖက်များ၏ အားလပ်ချိန်ကို ကြည့်ခြင်းဖြင့် (သို့) သူတို့၏ပြက္ခဒိန်များကို မြင်ကွင်းတစ်ခုတည်းတွင် ထပ်ကြည့်ခြင်းဖြင့် အစည်းအဝေးများ အမြန်စီစဉ်ခြင်း
• အစည်းအဝေးခန်း (သို့) မျှသုံးရင်းမြစ်များ လွတ်၊ မလွတ် ကြည့်ခြင်း
• အစီအစဉ်အသေးစိတ် အပြည့်အစုံကို (သို့) သင် အား၊ မအား လူအများမြင်ရရန် ပြက္ခဒိန်များကို မျှဝေခြင်း
• သင့်လက်ပ်တော့၊ တက်ဘလက် (သို့) ဖုန်းမှ သုံးခြင်း
• ဝဘ်ပေါ်တွင် ပြက္ခဒိန်များ ထုတ်ဝေခြင်း
Google Workspace အကြောင်း ပိုမိုလေ့လာရန်- https://workspace.google.com/products/calendar/
ပိုမိုသိရှိရန် ကျွန်ုပ်တို့ကို လိုက်ကြည့်ပါ-
Twitter- https://twitter.com/googleworkspace
Linkedin- https://www.linkedin.com/showcase/googleworkspace
Facebook- https://www.facebook.com/googleworkspace/
အပ်ဒိတ်လုပ်ခဲ့သည့်ရက်
၂၀၂၄ နို ၇