အမြင်အာရုံ အားနည်းသူများ၊ မျက်မမြင်များနှင့် စာဖတ်ခက်သည့်ရောဂါရှိသူများအတွက် ရေးဆွဲထားသည့် ‘စာဖတ်မုဒ်’ သည် စိတ်ကြိုက်ပြင်နိုင်သော အလင်းအမှောင်၊ စာသားအရွယ်အစား၊ စာ-မှ-စကား၊ စာမျက်နှာရှိ အညွှန်းနှင့် သတိပေးချက်၊ ဖောင့်အမျိုးအစားတို့ကို အလေးပေး လုပ်ဆောင်ပေးသဖြင့် သင့်ဖန်သားပြင် ဖတ်ရှုမှု အတွေ့အကြုံကို ပိုကောင်းစေသည်။ ဒေါင်းလုဒ်လုပ်ပြီးသည်နှင့် အက်ပ်က သင်၏အမြန်ဆက်တင်များတွင် ပေါင်းစည်းသွားသဖြင့် အက်ပ်များနှင့် အင်တာနက်စာမျက်နှာများတွင် အလွယ်တကူ သုံးနိုင်သည်။
ညွှန်ကြားချက်များ-
စတင်ရန်-
၁။ ‘စာဖတ်မုဒ်’ ကို Play Store မှ ဒေါင်းလုဒ်လုပ်ပြီး ထည့်သွင်းပါ
၂။ ပင်မစာမျက်နှာတွင် ‘စာဖတ်မုဒ်’ ကို ရှာပြီး ဖွင့်ရန် တို့ပါ
၃။ ရှင်းလင်းပို့ချချက် ဖတ်ပါ။ ၎င်းက နောက်ဆုံးတွင် ဆက်တင်သို့ တစ်ဆင့်ပြန်ညွှန်ပါမည်
၄။ ဆက်တင်တွင် “စာဖတ်မုဒ်” ကို တို့ပြီး သင့်စက်၌ ‘စာဖတ်မုဒ်’ သုံးခွင့်ပြုရန် “စာဖတ်မုဒ် ဖြတ်လမ်းလင့်ခ်” ကို ဖွင့်ပါ
၅။ ‘စာဖတ်မုဒ်’ သို့ ဝင်ရောက်သည့်နည်းလမ်းအမျိုးမျိုး စနစ်ထည့်သွင်းရန် https://support.google.com/accessibility/android/answer/7650693 ကို ကြည့်ပါ
အဓိက လုပ်ဆောင်ချက်များ-
• အာရုံစိုက် ဖတ်ရှုနိုင်သည့် မြင်ကွင်း- အကြောင်းအရာကို ပိုမိုလွယ်ကူစွာ ဖတ်ရှုနိုင်ရန်နှင့် အာရုံစိုက်နိုင်ရန် ‘စာဖတ်မုဒ်’ က မျက်စိရှုပ်စရာများမပါရှိဘဲ စိတ်ကြိုက်ပြင်နိုင်သော စာဖတ်ဝန်းကျင်ကို ပံ့ပိုးပေးသည်
• စာ-မှ-စကား- ခလုတ်နှိပ်လိုက်ရုံဖြင့် ရေးသားထားသော အကြောင်းအရာအား အသံထွက်ဖတ်ပြသည်ကို နားထောင်နိုင်သည်။ စာသားရှည်များဖတ်ရန် အရည်အသွေးမြင့် အသံများထဲမှ စိတ်ကြိုက်ရွေးချယ်နိုင်သည်။ နောက်ပြန်သွားရန်၊ ရှေ့သို့ရစ်ရန်နှင့် သွားရင်းလာရင်း စာဖတ်နှုန်းပြောင်းရန်အတွက် အလွယ်တကူသုံးနိုင်သော အော်ဒီယိုထိန်းချုပ်မှု ရွေးစရာများ
• ဖောင့်အမျိုးအစားနှင့် အရွယ်အစားကို ချိန်ညှိခြင်း- စာဖတ်ရှုမှု လိုအပ်ချက်များအလိုက် စိတ်ကြိုက်ပြင်ရန် ဖောင့်အရွယ်အစား၊ ပုံစံ၊ အရောင်နှင့် စာကြောင်းခြားခြင်းများကို အမြန်ပြောင်းနိုင်သည်
• အမြန်သုံးခွင့်- ဒေါင်းလုဒ်လုပ်ပြီးသည်နှင့် အမြန်သုံးနိုင်ရန် ‘စာဖတ်မုဒ်’ ကို ဖုန်းအင်တာဖေ့စ်တွင် ပေါင်းစည်းထားသည်
• ဘာသာစကားအမျိုးမျိုး ပံ့ပိုးမှု- ‘စာဖတ်မုဒ်’ သည် အင်္ဂလိပ်၊ ပြင်သစ်၊ အီတလီနှင့် စပိန်ဘာသာတို့ကို ပံ့ပိုးပြီး နောက်ထပ်ဘာသာစကားများ ထပ်ဖြည့်ပါမည်
• Talkback နှင့် တွဲသုံးနိုင်ခြင်း- ဖန်သားပြင်ဖတ်အက်ပ် သုံးနေချိန်တွင် ‘စာဖတ်မုဒ်’ အလွယ်တကူသုံးနိုင်သည်။
• ကိုယ်ရေးအချက်အလက်လုံခြုံမှုကို အလေးထား၍ ရေးဆွဲထားသည်- အကြောင်းအရာများကို သင့်ဖုန်းပြင်ပသို့ ဘယ်တော့မျှ ပို့မည်မဟုတ်ပါ။
အကြံပြုချက်ပေးရန်နှင့် ထုတ်ကုန်အပ်ဒိတ်များ ရယူရန် https://groups.google.com/forum/#!forum/accessible အဖွဲ့တွင် ပါဝင်နိုင်သည်။
သတ်မှတ်ချက်-
• Android 9 နှင့်နောက်ပိုင်း ဖုန်းများတွင် ရနိုင်သည်
• လောလောဆယ်တွင် ‘စာဖတ်မုဒ်’ က အင်္ဂလိပ်၊ ပြင်သစ်၊ အီတလီနှင့် စပိန်ဘာသာတို့ကို ပံ့ပိုးသည်
ခွင့်ပြုချက်ဆိုင်ရာ သတိပေးချက်-
• အများသုံးနိုင်မှုဆိုင်ရာ ဝန်ဆောင်မှု- ဤအက်ပ်သည် အများသုံးနိုင်မှုဆိုင်ရာ ဝန်ဆောင်မှုဖြစ်သည့်အတွက် သင်၏လုပ်ဆောင်ချက်များနှင့် ဝင်းဒိုးအကြောင်းအရာကို စောင့်ကြည့်နိုင်သည်။
ဖတ်ရှုမုဒ်က စာသားဖတ်ရာတွင် လွယ်ကူစေသည်။
အပ်ဒိတ်လုပ်ခဲ့သည့်ရက်
၂၀၂၆ စက် ၂၁