Family Link မိဘအထိန်းအချုပ်

၁.၆
သုံးသပ်ချက် ၃.၅၄ သိန်း
၅ ကုဋေ+
ဒေါင်းလုဒ်များ
အကြောင်းအရာကို အမှတ်ပေးခြင်း
အားလုံး
ဖန်သားပြင်ဓာတ်ပုံ
ဖန်သားပြင်ဓာတ်ပုံ
ဖန်သားပြင်ဓာတ်ပုံ
ဖန်သားပြင်ဓာတ်ပုံ
ဖန်သားပြင်ဓာတ်ပုံ
ဖန်သားပြင်ဓာတ်ပုံ
ဖန်သားပြင်ဓာတ်ပုံ

ဤအက်ပ်အကြောင်း

Family Link မိဘအထိန်းအချုပ်များသည် မိဘများအတွက် Family Link ၏ တွဲဖက်အက်ပ်ဖြစ်သည်။ ဤအက်ပ်ကို ကလေး (သို့) ဆယ်ကျော်သက် အသုံးပြုနေသော စက်ပစ္စည်းတွင်သာ ဒေါင်းလုဒ်လုပ်ပါ။

Google ၏ မိဘအထိန်းအချုပ်အက်ပ်ဖြစ်သည့် Family Link ကို စမ်းကြည့်ပါ။ သင်၏ကလေးများသည် ဆယ်ကျော်သက်အရွယ်ဖြစ်စေ၊ ထို့ထက်ငယ်သည်ဖြစ်စေ ၎င်းတို့၏ သင်ယူခြင်း၊ ကစားခြင်းနှင့် အွန်လိုင်းစူးစမ်းလေ့လာခြင်းအတွက် လမ်းပြပေးရန် အခြေခံဒစ်ဂျစ်တယ်စည်းမျဉ်းများကို Family Link အက်ပ်ဖြင့် သင်၏ကိုယ်ပိုင်စက်ပစ္စည်းမှ အဝေးထိန်း သတ်မှတ်နိုင်သည်။ အသက် ၁၃ နှစ် (သို့မဟုတ် သင်၏နိုင်ငံတွင် သတ်မှတ်ထားသော အသက်) အောက် ကလေးများအတွက် သင်၏အကောင့်ကဲ့သို့ပင် Google ဝန်ဆောင်မှုအများစုကို သုံးနိုင်သော Google Account ကိုလည်း Family Link ဖြင့် ဖွင့်နိုင်သည်။


Family Link မိဘအထိန်းအချုပ်များဖြင့် အောက်ပါတို့ကို သင်လုပ်ဆောင်နိုင်သည်-

ကောင်းမွန်သည့် အကြောင်းအရာများထံ လမ်းညွှန်ခြင်း

• သူ၏ အက်ပ်အသုံးပြုမှုကို ကြည့်ခြင်း - အသုံးပြုချိန်အားလုံးသည် မတူညီနိုင်ပါ။ သင်၏ကလေးသည် သူအကြိုက်ဆုံးအက်ပ်များကို အချိန်မည်မျှ အသုံးပြုကြောင်းပြသသည့် လုပ်ဆောင်မှု အစီရင်ခံချက်ဖြင့် သူ၏ Android စက်ပစ္စည်းကို အသုံးပြုရာတွင် ပိုမိုကောင်းမွန်သော ဆုံးဖြတ်ချက်များ ချနိုင်ရန် ကူညီပါ။ နေ့စဉ်၊ အပတ်စဉ် (သို့) လစဉ် အစီရင်ခံချက်များကို ကြည့်နိုင်သည်။
• သူ၏အက်ပ်များကို စီမံခြင်း - အထောက်အကူပြု အကြောင်းကြားချက်များဖြင့် Google Play Store မှ သင့်ကလေး ဒေါင်းလုဒ်လုပ်လိုသော အက်ပ်များကို အတည်ပြု (သို့) ပိတ်နိုင်သည်။ အက်ပ်အတွင်း ဝယ်ယူမှုများကို စီမံခြင်းနှင့် သူ၏စက်ပစ္စည်းရှိ အက်ပ်အချို့ကို ဝှက်ခြင်းတို့ အားလုံးကို သင်၏ကိုယ်ပိုင်စက်ပစ္စည်းမှ အဝေးထိန်း ပြုလုပ်နိုင်သည်။
• စူးစမ်းလိုစိတ်ကို ပံ့ပိုးပေးခြင်း - သင့်ကလေးနှင့် သင့်လျော်သည့် အက်ပ်များကို ရွေးချယ်ရခက်ခဲနိုင်သောကြောင့် သူ၏စက်ပစ္စည်းတွင် တိုက်ရိုက်ထည့်သွင်းနိုင်သော 'ဆရာများအကြံပြုထားသည့် အက်ပ်များ' ကို Family Link တွင် ပြထားသည်။


အသုံးပြုချိန်ကို စောင့်ကြည့်ခြင်း

• ကန့်သတ်ချက်များ သတ်မှတ်ခြင်း - သင်၏ကလေးအတွက် သင့်လျော်သည့်အသုံးပြုချိန်ကို စိတ်တိုင်းကျ ဆုံးဖြတ်နိုင်သည်။ သူ၏ ကြီးကြပ်ထားသော စက်ပစ္စည်းများအတွက် အချိန်ကန့်သတ်ချက်နှင့် အိပ်ရာဝင်ချိန်ကို Family Link ဖြင့် သတ်မှတ်၍ သင့်ကလေးက မျှတစွာ သုံးတတ်ရန် ကူညီနိုင်သည်။
• သူ၏စက်ပစ္စည်းကို လော့ခ်ချခြင်း - အပြင်တွင် ဆော့ကစားမည့်အချိန် ဖြစ်စေ၊ ညစာစားချိန်ဖြစ်စေ (သို့) အတူတူ အချိန်ဖြုန်းလို၍ဖြစ်စေ အနားယူချိန်ရောက်တိုင်း ကြီးကြပ်ထားသော စက်ပစ္စည်းကို အဝေးထိန်း လော့ခ်ချနိုင်သည်။


သူ၏တည်နေရာကို ကြည့်ခြင်း

• အပြင်သွားနေသည့် သင့်ကလေး၏ တည်နေရာကို ရှာဖွေနိုင်ရန် အထောက်အကူပြုပါသည်။ သူ၏ Android စက်ပစ္စည်းကို ယူသွားလျှင် တည်နေရာရှာဖွေရန် Family Link ကို သုံးနိုင်သည်။


အရေးကြီး အချက်အလက်

• သင့်ကလေး၏ စက်ပစ္စည်းပေါ်မူတည်ပြီး Family Link ၏တူးလ်များ ကွဲပြားနိုင်ပါသည်။ တွဲသုံးနိုင်သော စက်ပစ္စည်းစာရင်းကို families.google.com/familylink/setup တွင် ကြည့်ပါ
• Google Play ရှိ သင့်ကလေး၏ ဝယ်ယူမှုများနှင့် ဒေါင်းလုဒ်များကို Family Link ဖြင့် စီမံခန့်ခွဲနိုင်သော်လည်း (ခွင့်ပြုချက်တိုးပေးသည့် အပ်ဒိတ်များ အပါအဝင်) အက်ပ်အပ်ဒိတ်များ၊ ယခင်အတည်ပြုပြီးသော အက်ပ်များ (သို့) 'မိသားစုဒစ်ဂျစ်တိုက်' တွင် မျှဝေထားသည့် အက်ပ်များကို ထည့်သွင်းရန် အတည်ပြုချက် မလိုအပ်ပါ။ မိဘများသည် ကလေး၏ ထည့်သွင်းထားသော အက်ပ်နှင့် အက်ပ်ခွင့်ပြုချက်များကို Family Link တွင် ပုံမှန် စိစစ်သင့်သည်။
• သင့်ကလေး၏ ကြီးကြပ်ထားသော စက်ပစ္စည်းရှိ အက်ပ်များကို သေချာစိစစ်ပြီး အသုံးမပြုစေလိုသည့် အက်ပ်များကို ပိတ်သင့်သည်။ ကြိုတင်ထည့်သွင်းထားသော အက်ပ်အချို့ကို ပိတ်၍မရနိုင်ပါ။
• ကလေး (သို့) ဆယ်ကျော်သက်၏ စက်ပစ္စည်းတည်နေရာကို မြင်နိုင်ရန် ၎င်းကိရိယာကို ပါဝါဖွင့်ထား၍ လတ်တလော အသုံးပြုထားပြီး အင်တာနက်သို့ ချိတ်ဆက်ထားရမည်။
• 'ဆရာများအကြံပြုထားသည့် အက်ပ်များ' ကို အမေရိကန်နိုင်ငံရှိ Android ကိရိယာများတွင်သာ သတ်မှတ်အရွယ် ကလေးများ၏ မိဘများအတွက် ရရှိနိုင်သည်။
• ကလေး၏ အွန်လိုင်းအတွေ့အကြုံကို စီမံခန့်ခွဲနိုင်သည့်တူးလ်များကို Family Link တွင် ပံ့ပိုးထားသော်လည်း ၎င်းက အင်တာနက်ကို လုံခြုံစေမည် မဟုတ်ပါ။ အမှန်တွင် ၎င်းကို မိဘများအား ကလေးများ၏ အင်တာနက်အသုံးပြုပုံနှင့်ပတ်သက်၍ ရွေးစရာများပေးရန်အပြင် အင်တာနက်အသုံးပြုမှုအကြောင်း ဆွေးနွေးဖြစ်ရန် ရည်ရွယ်ထားသည်။
အပ်ဒိတ်လုပ်ခဲ့သည့်ရက်
၂၀၂၃၊ ဇူ ၁၀

ဒေတာ ဘေးကင်းလုံခြုံရေး

ဆော့ဖ်ဝဲရေးသူများက သင့်ဒေတာအား စုစည်းပုံနှင့် မျှဝေပုံကို နားလည်ခြင်းမှစ၍ လုံခြုံမှု စတင်သည်။ ဒေတာလုံခြုံမှုနှင့် လုံခြုံရေးလုပ်ဆောင်မှုများသည် သင်၏အသုံးပြုမှု၊ ဒေသနှင့် အသက်အပေါ်မူတည်၍ ကွဲပြားနိုင်သည်။ ဆော့ဖ်ဝဲရေးသူက ဤအချက်အလက်ကို ပေးထားပြီး အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။
မည်သည့်ဒေတာကိုမျှ ပြင်ပအဖွဲ့အစည်းများနှင့် မျှဝေခြင်းမရှိပါ
ဆော့ဖ်ဝဲရေးသူများ၏ မျှဝေမှုဆိုင်ရာ ဖော်ပြမှုကို ပိုမိုလေ့လာရန်
ယခုအက်ပ်သည် ဤဒေတာအမျိုးအစားများကို စုဆောင်းနိုင်သည်
ကိုယ်ရေးအချက်အလက်၊အက်ပ် အသုံးပြုမှု နှင့် အခြား 2 ခု
ဒေတာကို အသွင်ဝှက်၍ အကူးအပြောင်းလုပ်သည်
ဒေတာများဖျက်ရန် တောင်းဆိုနိုင်သည်

အဆင့်သတ်မှတ်ခြင်း၊ သုံးသပ်ခြင်း

၁.၅
သုံးသပ်ချက် ၃.၂၄ သိန်း
Tar lay531
၂၀၂၃၊ မတ် ၁၀
good
လူ ၅ ယောက်က ဤသုံးသပ်ချက်ကို အထောက်အကူဖြစ်သည်ဟု ယူဆသည်
၎င်းက အသုံးဝင်ပါသလား။
Phyo Phyo
၂၀၂၂၊ စက်တင်ဘာ ၁၆
ok
လူ ၆ ယောက်က ဤသုံးသပ်ချက်ကို အထောက်အကူဖြစ်သည်ဟု ယူဆသည်
၎င်းက အသုံးဝင်ပါသလား။
รอซัก รอรอซัก
၂၀၂၂၊ ဇွန် ၂၆
รอ092
လူ ၆ ယောက်က ဤသုံးသပ်ချက်ကို အထောက်အကူဖြစ်သည်ဟု ယူဆသည်
၎င်းက အသုံးဝင်ပါသလား။

အသစ်ရှိသလား

တည်ငြိမ်မှု ပိုမိုကောင်းမွန်အောင် လုပ်ဆောင်ထားပြီး ချွတ်ယွင်းချက်များ ပြင်ဆင်ထားသည်။