Google Kids Space

၃.၇
သုံးသပ်ချက် ၃.၂၇ ထောင်
၁ ကုဋေ+
ဒေါင်းလုဒ်များ
ဆရာများ ထောက်ခံထားသည်
အကြောင်းအရာကို အမှတ်ပေးခြင်း
အားလုံး
ဖန်သားပြင်ဓာတ်ပုံ
ဖန်သားပြင်ဓာတ်ပုံ
ဖန်သားပြင်ဓာတ်ပုံ
ဖန်သားပြင်ဓာတ်ပုံ
ဖန်သားပြင်ဓာတ်ပုံ
ဖန်သားပြင်ဓာတ်ပုံ
ဖန်သားပြင်ဓာတ်ပုံ
ဖန်သားပြင်ဓာတ်ပုံ
ဖန်သားပြင်ဓာတ်ပုံ
ဖန်သားပြင်ဓာတ်ပုံ
ဖန်သားပြင်ဓာတ်ပုံ
ဖန်သားပြင်ဓာတ်ပုံ
ဖန်သားပြင်ဓာတ်ပုံ
ဖန်သားပြင်ဓာတ်ပုံ
ဖန်သားပြင်ဓာတ်ပုံ
ဖန်သားပြင်ဓာတ်ပုံ
ဖန်သားပြင်ဓာတ်ပုံ
ဖန်သားပြင်ဓာတ်ပုံ

ဤအက်ပ်အကြောင်း

Google Kids Space သည် အသက် ၉ နှစ်အောက် ကလေးများအတွက် အရည်အသွေးရှိသည့် အကြောင်းအရာများ ပါဝင်သည့် စိတ်ကြိုက်ပင်မစာမျက်နှာနှင့် ဒစ်ဂျစ်တိုက် ထည့်သွင်းထားသော တက်ဘလက်ဝန်ဆောင်မှု ဖြစ်သည်။ ကလေးများအနေနှင့် သီးခြားကိုယ်စားပြုပုံများဖြင့် ၎င်းတို့၏အသုံးပြုမှုကို စိတ်ကြိုက်ပြင်ဆင်နိုင်ပြီး စိတ်ဝင်စားမှုများပေါ် အခြေခံသည့် အကြောင်းအရာအကြံပြုချက်များ ရယူနိုင်သော်လည်း မိဘများက မိဘ အထိန်းအချုပ်များဖြင့် စည်းမျဉ်းများ သတ်မှတ်နိုင်သည်။

Google Kids Space သုံးရန် သင့်ကလေးအတွက် Google Account၊ တွဲသုံးနိုင်သော Android စက်ပစ္စည်းတို့ လိုအပ်သည်။


ဆရာများ ထောက်ခံထားသည့် အက်ပ်နှင့် ဂိမ်းများ
Google Kids Space တွင် ဆရာများ၊ ကလေးပညာရေးနှင့် မီဒီယာ ကျွမ်းကျင်သူများက ထောက်ခံထားသည့် Google Play ရှိ အက်ပ်နှင့် ဂိမ်းများ ပါဝင်သည်။ ဆရာများ ထောက်ခံထားသည့်အက်ပ်များက အသက်အရွယ်အလိုက် သင့်လျော်ပြီး ၎င်းတို့ကို သေချာစွာ စဉ်းစားပြင်ဆင်ထားသည့်အတွက် ပျော်ရွှင်ဖွယ်၊ ဉာဏ်ရွှင်ဖွယ် ဖြစ်သည်။
Google Kids Space အကြံပြုချက်များထက် ပိုမိုလွတ်လပ်သည့် အကြောင်းအရာများကို အလိုရှိသော မိဘများက Google Play စတိုးရှိ နောက်ထပ်အကြောင်းအရာများကို မိဘများမီနူးမှတစ်ဆင့် ထည့်နိုင်သည်။

ကလေးစာအုပ်ပညာရှင်များက သေချာစွာ ရွေးချယ်ပေးသော စာအုပ်များ
စာဖတ်ဝါသနာကိုလှုံ့ဆော်ရန် Play Books တွင် စာအုပ်ကတ်တလောက်ကို အထူး ရွေးချယ်စီစဉ်ထားသည်။ ကြည်နူးဖွယ် ခေါင်းစဉ်များ၊ ဇာတ်ကောင်များဖြင့် ဂန္ထဝင်စာအုပ်များ၊ ထရပ်ကားများအစ ဘဲလေးအကအဆုံး အကြောင်းအရာစုံ ဇာတ်လမ်းသစ်များရှိကြောင်း သင်တွေ့ရှိလာပါမည်။ ကလေးများသည် စိတ်ဝင်စားမှုအသစ်များ ရှာတွေ့နိုင်ပြီး ၎င်းတို့အကြိုက်ဆုံး ဇာတ်လမ်းအချို့ကို အကြိမ်ကြိမ် ပြန်လာကြည့်နိုင်သည်။

စိတ်ဝင်စားဖွယ် အကြောင်းအရာများပါသည့် အကြံပြုထားသော ဗီဒီယိုများ
YouTube Kids မှ လက်တွေ့ဖန်တီးမှုနှင့် ကစားခြင်းကို ထက်သန်စေသည့် ဗီဒီယိုများဖြင့် ကလေးများသည် ဖန်တီးရန်၊ စူးစမ်းရှာဖွေရန်နှင့် ၎င်းတို့အရည်အချင်းတိုးတက်ရန် လေ့ကျင့်နိုင်သည်။ ၎င်းဗီဒီယိုများတွင် ရိုးရှင်းသော ပုံဆွဲလေ့ကျင့်ခန်းများမှအစ အပျော်သဘော သိပ္ပံပရောဂျက်များအဆုံး ပါဝင်သည်။ သင်ယူရန်ဖြစ်စေ၊ သီချင်းဆိုရန် (သို့) ရယ်မောရန်ဖြစ်စေ ကလေးများက သူတို့နှစ်သက်သည့် အကြောင်းအရာနှင့် ဇာတ်ကောင်များအကြောင်း ဗီဒီယိုများကို လေ့လာနိုင်သည်။

ကလေးများ၏ စူးစမ်းလိုစိတ်အတွက် ပြင်ဆင်ထားသည်
တိရစ္ဆာန်များအကြောင်း ဖြစ်စေ၊ အနုပညာပရောဂျက်များအကြောင်း ဖြစ်စေ ကလေးများသည် သူတို့နှစ်သက်သည့်အရာများတွင် ကျွမ်းကျင်ပညာရှင်လေးများ ဖြစ်လာနိုင်ပါသည်။ ပိုမိုဆန်းသစ်ပြီး ပါဝင်ဆောင်ရွက်နိုင်သည့် နည်းလမ်းများဖြင့် လတ်တလောစိတ်ဝင်စားရာများကို စူးစမ်းလေ့လာရာနှင့် သင်ယူရာတွင် ၎င်းတို့အားကူညီပေးရန် Google Kids Space ကို ရေးဆွဲထားသည်။ ကလေးများက ၎င်းတို့အကောင့်ဝင်သည့်အခါ စခရင်တွင်မြင်ရမည့် ကိုယ်ပိုင်ဇာတ်ကောင်ကိုပင် ဖန်တီး၍ သူတို့၏အသုံးပြုမှုကို စိတ်ကြိုက်ပြင်ဆင်နိုင်သည်။

မိဘ အထိန်းအချုပ်များဖြင့် စည်းမျဉ်းများ သတ်မှတ်နိုင်သည်
Google ၏ Family Link အက်ပ်ရှိ မိဘအထိန်းအချုပ်များဖြင့် Google Play မှ အကြောင်းအရာများကို စီမံခြင်း၊ အသုံးပြုချိန်ကန့်သတ်ခြင်းစသည်ဖြင့် သင့်စက်မှနေ၍ သင့်ကလေး၏အသုံးပြုမှုကို လမ်းညွှန်ပေးနိုင်သည်။

အရေးကြီးသော အချက်အလက်
သင့်ကလေး၏တက်ဘလက် ပင်မစာမျက်နှာကို ၎င်းသိပြီးနှစ်ခြိုက်သည့် အကြောင်းအရာများအား အက်ပ်၊ ဂိမ်း၊ ဗီဒီယိုနှင့် စာအုပ်များအတွက် တဘ်များအဖြစ်သို့ ကူညီစုစည်းပေးသည့် အသုံးပြုမှုဖြင့် Google Kids Space က အစားထိုးပေးသည်။ Google Kids Space ကို မိဘမီနူးအတွင်းမှ အချိန်မရွေး ပိတ်နိုင်သည်။

Google Kids Space သုံးရန် သင့်ကလေးအတွက် Google အကောင့် လိုအပ်သည်။ ‘မိဘ အထိန်းအချုပ်များ’ သုံးရန် ပံ့ပိုးထားသည့် Android၊ Chromebook (သို့) iOS စက်တွင် Family Link အက်ပ် လိုအပ်သည်။ ဝန်ဆောင်မှုများရရှိမှုက ဒေသအလိုက် ကွဲပြားနိုင်သည်။ Google Kids Space ကို သတ်မှတ် Android တက်ဘလက်များတွင် ရနိုင်သည်။ Google Kids Space တွင် Google Assistant သုံး၍မရပါ။

စာအုပ်နှင့် ဗီဒီယိုအကြောင်းအရာများကို ဒေသအားလုံးတွင် မရနိုင်ပါ။ ဗီဒီယိုအကြောင်းအရာသည် YouTube Kids အက်ပ်ကို ရနိုင်မှုပေါ် မူတည်သည်။ စာအုပ်အကြောင်းအရာအတွက် Play Books အက်ပ် လိုအပ်သည်။ အက်ပ်၊ စာအုပ်နှင့် ဗီဒီယိုအကြောင်းအရာများ ရနိုင်မှုကို အကြောင်းမကြားဘဲ ပြောင်းလဲနိုင်သည်။
အပ်ဒိတ်လုပ်ခဲ့သည့်ရက်
၂၀၂၄၊ ဇူ ၁

ဒေတာ ဘေးကင်းလုံခြုံရေး

ဆော့ဖ်ဝဲရေးသူများက သင့်ဒေတာအား စုစည်းပုံနှင့် မျှဝေပုံကို နားလည်ခြင်းမှစ၍ လုံခြုံမှု စတင်သည်။ ဒေတာလုံခြုံမှုနှင့် လုံခြုံရေးလုပ်ဆောင်မှုများသည် သင်၏အသုံးပြုမှု၊ ဒေသနှင့် အသက်အပေါ်မူတည်၍ ကွဲပြားနိုင်သည်။ ဆော့ဖ်ဝဲရေးသူက ဤအချက်အလက်ကို ပေးထားပြီး အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။
မည်သည့်ဒေတာကိုမျှ ပြင်ပအဖွဲ့အစည်းများနှင့် မျှဝေခြင်းမရှိပါ
ဆော့ဖ်ဝဲရေးသူများ၏ မျှဝေမှုဆိုင်ရာ ဖော်ပြမှုကို ပိုမိုလေ့လာရန်
ယခုအက်ပ်သည် ဤဒေတာအမျိုးအစားများကို စုဆောင်းနိုင်သည်
ကိုယ်ရေးအချက်အလက်၊ငွေကြေးဆိုင်ရာ အချက်အလက် နှင့် အခြား 3 ခု
ဒေတာကို အသွင်ဝှက်၍ အကူးအပြောင်းလုပ်သည်
ဒေတာများဖျက်ရန် တောင်းဆိုနိုင်သည်
‘Play မိသားစု မူဝါဒ’ ကို အလေးအနက်ထား လိုက်နာပါသည်
သီးခြား လုံခြုံရေးသုံးသပ်ချက်

အဆင့်သတ်မှတ်ခြင်း၊ သုံးသပ်ခြင်း

၃.၅
သုံးသပ်ချက် ၄၂၂

အသစ်ရှိသလား

ချွတ်ယွင်းချက် ပြင်ဆင်ခြင်းနှင့် တည်ငြိမ်မှု မွမ်းမံခြင်း အများအပြား။